September 24, 2025 - နိုင်ငံကူးလက်မှတ်ထုတ်ပေးနေတဲ့ ပတ်စ်ပို့ရုံးမှာ ပုံမှန်မဟုတ်ဘဲ ငွေကြေး မတန်တဆ ကောက်ခံမှုများရှိလာSeptember 24, 2025 - ပုဂံ(သို့မဟုတ်) နှစ်ဖက်တင်းမာမှုကြားက ယဉ်ကျေးမှုအမွေအနှစ်များစွာကိန်းဝပ်နေပါလျှက် ခြောက်ကပ်နေရတဲ့ ကမ္ဘာကျော် ခရီးသွားမြို့September 18, 2025 - တရိပ်ရိပ်ထိုးတက်နေတဲ့ ကုန်ဈေးနှုန်းများဖြင့် ပြည်သူတွေရဲ့ ရွေးချယ်ရာမဲ့ဘဝSeptember 13, 2025 - ပန်းပင်ကြီးလမ်းဒုတိယအကြိမ် သပိတ်ဖြိုခွင်းခံရမှု ၃ နှစ်ပြည့်၊ သို့မဟုတ် ကျွန်တော်ဖမ်းဆီးခံရမှု ၃ နှစ်ပြည့်September 12, 2025 - The Vicious Lie: How a ‘Democratic’ Election is Really a Threat to Free SpeechSeptember 1, 2025 - ဈေးကွက်အတွင်း ထိုင်းကုန်စည်များပြတ်လပ်၍ မြန်မာထုတ်ကုန်များဖြင့် အစားထိုးလာAugust 25, 2025 - ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှု အထိမ်းအမှတ်နေ့ဘင်္ဂလားဒေရှ်နိုင်ငံက ဒုက္ခသည်စခန်းတွင်ပြုလုပ်August 22, 2025 - တင်းကျပ်လာသည့် စစ်တပ်၏ ဖုန်းစစ်ဆေးမှုများနှင့် VPN ကို အဓိကထား စစ်ဆေးနေမှုများAugust 22, 2025 - အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ ပြည်တွင်းမှာ ပြတ်လပ်နေတာကြောင့် အခက်တွေ့နေရAugust 18, 2025 - သူခိုးတွေကလူပြန်ဟစ်၊မလုံခြုံမှုထဲနစ်နေရတဲ့ရန်ကုန်ပြည်သူတွေ

ပုဂံ(သို့မဟုတ်) နှစ်ဖက်တင်းမာမှုကြားက ယဉ်ကျေးမှုအမွေအနှစ်များစွာကိန်းဝပ်နေပါလျှက် ခြောက်ကပ်နေရတဲ့ ကမ္ဘာကျော် ခရီးသွားမြို့

ရှေးဟောင်းယဉ်ကျေးမှုတွေ များစွာ ကိန်းဝပ်နေတဲ့ မြန်မာတို့ရဲ့ အထင်ကရ တန်ဖိုးထားရတဲ့ ပုဂံဒေသဟာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်သာမက နိုင်ငံတကာက ခရီးသွားဧည့်သည်တွေအတွက်လည်း စိတ်ဝင်စားဖွယ်ရာမြို့တစ်မြို့လည်းဖြစ်ပါတယ်။ 

ဒါပေမဲ့ ပုဂံဒေသဟာ အခုဆိုရင်တော့ အာဏာသိမ်းစစ်တပ်နဲ့ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ နှစ်ဖက်တင်းမာမှုကြားမှာ မလွန်းသာ မလူးသာအခြေအနေတစ်ခုရောက်နေတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။  

နိုင်ငံခြားခရီးသွားဧည့်သည်လာရောက်မှု မရှိသလောက် နည်းပါးသွားတဲ့အပြင် ပြည်တွင်းခရီးသွား၊ ဘုရားဖူးတွေဝင်နေဆဲဆိုပေမယ့်လည်း  မိုးဦးအစမှာ မိုးရွာသွန်းမှုကြောင့် ခပ်ကျဲကျဲလာ လာရောက်ကြပါတယ်။ 

ခရီးသွားမြို့ဖြစ်တာနဲ့အညီ ဧည့်သည်ဝင်ရောက်မှု နည်းပါးလာတာနဲ့အမျှ ဒေသခံတွေရဲ့ စီးပွားရေးနဲ့ ဝင်ငွေဟာလည်း သိသိသာသာကို ထိခိုက်မှုတွေ ရှိလာခဲ့ရပါတယ်။ 

ပုဂံဒေသရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ တန့်ကြည်တောင်ဘက်ခြမ်းမှာ မကြာခဏဆိုသလို တိုက်ပွဲသံများကြားနေရဆဲ ဖြစ်ပါတယ်။

 အဲဒါကြောင့်လည်း ဗူးဘုရားကနေ တန့်ကြည်တောင်စေတီတော်ကို သွားတဲ့ရေလမ်းခရီးကို အခုအချိန်ထိ ပိတ်ထားဆဲပဲ ဖြစ်ပါတယ်။ 

 ပုဂံဘုရားဖူးသွားတဲ့သူတွေအနေနဲ့လည်း စွယ်တော်လေးဆူထဲက တစ်ဆူဖြစ်တဲ့ တန့်ကြည့်တောင်စေတီကိုလည်း သွားရောက်ဖူးမြော်ချင်ကြမှာဖြစ်ပေမယ့် ဖူးမျှော်ခွင့် မရရှိခဲ့ကြတော့ပါဘူး။ 

မကြာခင်ပွင့်လင်းရာသီရောက်တော့မှာဖြစ်သလို သီတင်းကျွတ်မီးထွန်းပွဲတော်လို့ အခါကြီးရက်ကြီးပွဲတော်တွေ၊ ပိတ်ရက်ရှည်တွေ  ရောက်တော့မှာမို့ ဒေသခံတွေအတွက် ခရီးသွားများများ ဝင်လာနိုင်ဖို့ဆိုတာ မဝံ့မရဲနဲ့ မှိတ်တုတ်တုတ် မျှော်လင့်ချက်ပဲ ဖြစ်နေခဲ့ပါတယ်။ 

တိုက်ပွဲတွေ ပိုမို ပြင်းထန်လာတဲ့ နှစ်ဖက်တင်းမာမှုကြားမှာ ခရီးသွားတွေများများဝင်လာဖို့ဆိုတာလည်း 

ဘယ်လောက်ထိ လုံခြုံမှု၊တည်ငြိမ်မှုရှိလဲဆိုတဲ့ အချက်ပေါ် မူတည်နေတာလည်း အမှန်ပါ။ 

ထိုသို့သော အခြေအနေများနဲ့ လက်ရှိပုဂံဒေသမြင်ကွင်းများကို ပုဂံချစ်သူများအတွက် ဖော်ပြလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *