September 13, 2025 - ပန်းပင်ကြီးလမ်းဒုတိယအကြိမ် သပိတ်ဖြိုခွင်းခံရမှု ၃ နှစ်ပြည့်၊ သို့မဟုတ် ကျွန်တော်ဖမ်းဆီးခံရမှု ၃ နှစ်ပြည့်September 12, 2025 - The Vicious Lie: How a ‘Democratic’ Election is Really a Threat to Free SpeechSeptember 1, 2025 - ဈေးကွက်အတွင်း ထိုင်းကုန်စည်များပြတ်လပ်၍ မြန်မာထုတ်ကုန်များဖြင့် အစားထိုးလာAugust 25, 2025 - ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှု အထိမ်းအမှတ်နေ့ဘင်္ဂလားဒေရှ်နိုင်ငံက ဒုက္ခသည်စခန်းတွင်ပြုလုပ်August 22, 2025 - တင်းကျပ်လာသည့် စစ်တပ်၏ ဖုန်းစစ်ဆေးမှုများနှင့် VPN ကို အဓိကထား စစ်ဆေးနေမှုများAugust 22, 2025 - အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ ပြည်တွင်းမှာ ပြတ်လပ်နေတာကြောင့် အခက်တွေ့နေရAugust 18, 2025 - သူခိုးတွေကလူပြန်ဟစ်၊မလုံခြုံမှုထဲနစ်နေရတဲ့ရန်ကုန်ပြည်သူတွေAugust 8, 2025 - BreakingNews: Military arrests young protesters commemorating 8888 in MandalayAugust 8, 2025 - People throughout Yangon hold 8888 umbrella strike protestsAugust 7, 2025 - ရန်ကုန်မြို့တွင် AAMIJ မှ စုံစမ်းရရှိထားတဲ့ လူကုန်ကူးအဖွဲ့များ

ရန်ကုန်မြို့တွင် AAMIJ မှ စုံစမ်းရရှိထားတဲ့ လူကုန်ကူးအဖွဲ့များ

ရန်ကုန်မြို့မှာ လူငယ်တွေကို ဖမ်းဆီးပြီး တရားဝင်လို လူကုန်ပြီး စစ်တပ်ကို ပို့ဆောင်နေတဲ့ အဖွဲ့တွေအကြောင်းကို AAMIJမှ စုံးစမ်း သိရှိထားပါတယ်။

အဆိုပါအဖွဲ့တွေဟာ လူငယ်တွေကို လုယက်ပြီး ဖမ်းဆီးတာ၊ မူးယစ်ဆေးဝါးလို့ယူဆရတဲ့ ရေတိုက်ပြီး ဖမ်းဆီးတာ၊ စစ်မှုထမ်းသင်တန်းအတွက် စည်းရုံးသိမ်းသွင်းပြီး ခေါ်ဆောင်တာတွေနဲ့ အဓ္ဓမ ပေါ်တာဆွဲ ဖမ်းဆီးတာတွေကို လုပ်ဆောင်နေကြာတာပဲ ဖြစ်ပါတယ်။

AAMIJ က စုံစမ်းရရှိထားသမျှကတော့ ဆူးလေပန်းခြံ၊ ပြည်သူရင်ပြင်၊ ကန်တော်ကြီးနဲ့ လသာမြိုနယ်အနီးတစ်ဝိုက်တို့မှာ အဆိုပါအဖွဲ့တွေဟာ လှုပ်ရှားနေကြတာပဲ ဖြစ်ပါတယ်။

ဆူးလေပန်းခြံအတွင်းက အဖွဲ့

ဆူးလေပန်းခြံအတွင်းမှာတော့ အဖွဲ့ ၂ဖွဲ့ရှိပြီး ခန့်မှန်း အသက် ၃၀ကျော်အရွယ်ရှိ ဆိုးတေးဆိုတဲ့ အမျိုးသားက ဦးဆောင်တဲ့ လူကုန်ကူးအဖွဲ့တစ်ဖွဲ့နဲ့ မူယစ်ဆေးပါဝင်တယ်လို့ ယူဆရတဲ့ ရေများတိုက်ပြီး လူကုန်ကူးတဲ့ အဖွဲ့တို့ပဲ ဖြစ်ပါတယ်။

ဆိုတေး ဦးဆောင်တဲ့အဖွဲ့ကတော့ ပန်းခြံအတွင်းလာရောက်တဲ့ လူငယ်တွေကို စကားရောနှောပြောဆိုကာ စစ်တပ်ထဲဝင်ဖို့ သွေးဆောင်ဖြားယောင်းပြီး သွေးဆောင်ဖြားယောင်းလို့မရပါက အကြမ်းဖက်ရိုက်နှက်ကာ အဓမ္မဖမ်းဆီးပြီး စစ်တပ်ထဲကို ရောင်းစားနေတာဖြစ်ပါတယ်။

ဒုတိယအဖွဲ့ကတော့ သူတို့မှာပါလာတဲ့ မူးယစ်ဆေးဝါး ထဲ့ထားတယ်လို့ ယူဆရတဲ့ ရေသန့်ဗူးကို တိုက်ပြီးနောက် လူငယ်တွေမှာပါလာတဲ့ လက်ဝတ်၊ လက်စားနဲ့ ဖုန်းတွေကို ယူဆောင်ကာ ထောက်ကြံ့စစ်တပ်ကို ခေါ်ဆောင်သွားပြီး ရောင်းစားနေတဲ့ အဖွဲပဲ ဖြစ်ပါတယ်။

အဆိုပါအဖွဲတွေနဲ့ပတ်သက်ပြီး “ရန်ကုန်မြို့လယ်က လွတ်လပ်စွာ လူကုန်ကူးကြသူများ”ခေါင်းစဉ်နဲ့ AAMIJမှ သတင်းဖေါ်ပြထားဖူးပါတယ်။

ကန်တော်ကြီးပန်းခြံအတွင်းက အဖွဲ့

ကန်တော်ကြီးပန်ခြံအတွင်းက အဖွဲ့ကတော့ ဆိုတေးတို့အဖွဲ့ပဲဖြစ်ပြီး သူတို့အဖွဲအကြောင်းကို AAMIJ မှ သတင်းဖေါ်ပြပြီးနောက်မှာတော့ စစ်တပ်က အဆိုပါအဖွဲ့ရဲ့ အဖွဲ့ဝင် ၇ဦးလောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဆူးလေပန်းခြံထဲမှာ သတင်းလွှင့်ပြီးနောက်ပိုင်းမှာ ကန်တော်ကြီးအတွင်းမှာ ဆက်လက်လုပ်‌စားနေကြတာပဲ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ ဆိုတေးနဲ့အဖွဲ့ဟာ ဆူးလေပန်းခြံကို ပြန်လည်ရောက်ရှိနေပြီး ကန်တော်ကြီးမှာလည်း အဖွဲ့ခွဲကာ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

ပြည်သူ့ရင်ပြင်အတွင်းက အဖွဲ့

ပြည်သူ့ရင်ပြင်အတွင်းက အဖွဲ့ကတော့ ဆူးလေပန်းခြံအတွင်းက ဒုတိယအဖွဲ့လိုပဲ မူးယစ်ဆေးခတ်ပြီး ဖမ်းဆီးတာပါဖြစ်ပါတယ်။

ဩဂုတ်လ ၁ရက်နေ့က လူငယ် ၁ဦးကို လူတစ်စုမှ ဝင်ရောကာ မူးယစ်ဆေးခတ်ပြီး ကားပေါ်ဆွဲတင် ဖမ်းခေါ်သွားတယ်လို့ Rangoon Scout Network (RSN)က ဖေါ်ပြထားပါတယ်။

အဖမ်းခံလိုက်ရတဲ့လူငယ်ကို ပဲခူးတိုင်း၊ နတ္တလင်းမြို့ရှိ စစ်တပ်စခန်းထဲ ပို့ခံလိုက်ရကာ မိသားစုကို သိန်း ၇၀ ပေးမှ ပြန်လွှတ်ပေးမယ်လို့ဆိုကာ ငွေညစ်ခဲ့သေးပြီး မိသားစုမှ ပြန်မရွေးထုတ်နိုင်လိုက်တာ‌ကြောင့်စစ်မှုထမ်းသင်တန်းထဲ ထည့်ခံလိုက်ရတယ်လို့ RSNကပြောပါတယ်။

လသာမြို့နယ်အတွင်းက အဖွဲ့

လသာမြို့နယ်အတွင်းကအဖွဲ့ကိုတော့ ဇော်မင်းဆိုသူက ဦးဆောင်နေပြီး လသာရဲစခန်းက ရဲဝန်ထမ်းတစ်ဦးဖြစ်တယ်လို့လည်း AAMIJမှ စုံစမ်း သိရှိထားပါတယ်။

အဲ့ဒိအဖွဲ့ဟာ မကြာသေးမီကမှ လသာမြို့နယ်အတွင်းက သိမ်ကြီးဈေးအနီးမှာ လူငယ်တစ်ဦးကို ဖမ်းဆီးပြီး စစ်တပ်ကိုရောင်းစားခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့လူငယ်ရဲ့ မိခင်ကိုယ်တိုင် အဆိုပါအဖွဲ့ကလူတစ်ဦးနဲ့ တွေ့ဆုံပြီး မေးမြန်းခဲ့ရမှာတော့” သူတို့အဖွဲ့အနေနဲ့ “ပေါ်တာမဆွဲဘူးမဟုတ်ဘူး၊ ပေါ်တာဆွဲပါတယ်လို့ ဝန်ခံထားတာကို AAMIJရဲ့ “အသက်၂၁ရွယ် လူငယ်တစ်ဦး သိမ်ကြီးဈေးတွင် အလုပ်သွားလျောက်စဉ် ပျူအဖွဲ့မှာ ဖမ်းဆီးပြီး စစ်မှုထမ်းအပို့ခံရ” သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒီဖြစ်စဉ်တွေဟာ AAMIJ ရဲ့ စုံစမ်းရရှိသမျှ ရန်ကုန်မြို့အတွင်းက လူကုန်ကူးအဖွဲ့တွေရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့အတွင်း နေ့ခင်းကြောင်တောင်မှာ တရားဝင်လို လူကုန်ကူးမှုတွေလုပ်ဆောင်နေ‌‌ပေမယ့် စစ်တပ်ကတော့ လျစ်လျူရှုထားပြီး စစ်မှုထမ်းအပတ်စဉ်တွေအတွက် သင်တန်းသားပြည့်မှီရေးကိုသာ ဦးစားပေးလုပ်ဆောင်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *