သန်လျင်ရေတပ်မှ တပ်ကြပ်ကြီးတစ်ဦးက ရန်ကုန်မှာ လိုင်စင်မဲ့ကားတွေကို တရားဝင်ရောင်းချနေ
AAMIJ / ဇူလိုင် ၃၀
ရန်ကုန်မြိုရှိ သန်လျင်ရေတပ်မှာ တာဝန်ထမ်းဆောင်နေဆဲ စစ်သင်တန်းနည်းပြဆရာ တပ်ကြပ်ကြီး အောင်ကျော်လင်းဆိုသူက လိုင်စင်မဲ့ကားတွေကို ရန်ကုန်မြိုမှာ တရားဝင်ရောင်းချနေတယ်လို AAMIJမှ သတင်းရရှိထားပါတယ်။
“Without ကားတွေကို ရန်ကုန်မြိုထဲမှာ တရားဝင်လိုတောင် ရောင်းဝယ်ဖောက်ကားမှုတွေ ပြုလုပ်ပေးနေပြီး ကားနံပါတ်အတုတွေကအစ အခကြေးငွေယူကာ ဆောင်ရွက်ပေးနေတယ်” လို AAMIJရဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
လိုင်စင်မဲ့ကားတစ်စီးကို ကျပ်သိန်းတစ်ရာအောက်ကနေ သိန်းရာချီအထိ ရောင်းချနေတာဖြစ်တယ်လို သိရပါတယ်။
အဆိုပါ တပ်ကြပ်ကြီးကိုယ်တိုင်က အာရာဖက်(Alphard )ကား အမျိုးအစားကို လိုင်စင်မဲ့နဲ့ ရန်ကုန်မြိုမှာ စီးနေတာ ဖြစ်ပါတယ်။
“Alphard(without) ဆို တစ်စီးကို သိန်း ၁၀၀ ကျော်လောက် ပေါက်ဈေးရှိနေတယ်လို သိရ့ပါတယ်။
နံပါတ်ပြားအတု လုပ်တာကိုကတော့ ပိုက်ဆံသက်သက်ယူပါတယ်”လို AAMIJရဲ့ သတင်းရင်းမြစ်တစ်ဦးက ဆက်ပြောပြပါတယ်။
အဲ့ဒီ ရေတပ် တပ်ကြပ်ကြီးဟာ လက်ရှိမှာတော့ မိသားစုနဲ့အတူ အလုံမြိုနယ်၊မိုးကောင်းလျှပ်စစ်ဝန်းက မိန်းမဖြစ်သူရဲ့ နာမည်နဲ့ ရ့ရှိထားတဲ့ လိုင်းခန်းမှာ နေထိုင်နေကြောင်း စုံစမ်းသိရှိရပါတယ်။