September 24, 2025 - နိုင်ငံကူးလက်မှတ်ထုတ်ပေးနေတဲ့ ပတ်စ်ပို့ရုံးမှာ ပုံမှန်မဟုတ်ဘဲ ငွေကြေး မတန်တဆ ကောက်ခံမှုများရှိလာSeptember 24, 2025 - ပုဂံ(သို့မဟုတ်) နှစ်ဖက်တင်းမာမှုကြားက ယဉ်ကျေးမှုအမွေအနှစ်များစွာကိန်းဝပ်နေပါလျှက် ခြောက်ကပ်နေရတဲ့ ကမ္ဘာကျော် ခရီးသွားမြို့September 18, 2025 - တရိပ်ရိပ်ထိုးတက်နေတဲ့ ကုန်ဈေးနှုန်းများဖြင့် ပြည်သူတွေရဲ့ ရွေးချယ်ရာမဲ့ဘဝSeptember 13, 2025 - ပန်းပင်ကြီးလမ်းဒုတိယအကြိမ် သပိတ်ဖြိုခွင်းခံရမှု ၃ နှစ်ပြည့်၊ သို့မဟုတ် ကျွန်တော်ဖမ်းဆီးခံရမှု ၃ နှစ်ပြည့်September 12, 2025 - The Vicious Lie: How a ‘Democratic’ Election is Really a Threat to Free SpeechSeptember 1, 2025 - ဈေးကွက်အတွင်း ထိုင်းကုန်စည်များပြတ်လပ်၍ မြန်မာထုတ်ကုန်များဖြင့် အစားထိုးလာAugust 25, 2025 - ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှု အထိမ်းအမှတ်နေ့ဘင်္ဂလားဒေရှ်နိုင်ငံက ဒုက္ခသည်စခန်းတွင်ပြုလုပ်August 22, 2025 - တင်းကျပ်လာသည့် စစ်တပ်၏ ဖုန်းစစ်ဆေးမှုများနှင့် VPN ကို အဓိကထား စစ်ဆေးနေမှုများAugust 22, 2025 - အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ ပြည်တွင်းမှာ ပြတ်လပ်နေတာကြောင့် အခက်တွေ့နေရAugust 18, 2025 - သူခိုးတွေကလူပြန်ဟစ်၊မလုံခြုံမှုထဲနစ်နေရတဲ့ရန်ကုန်ပြည်သူတွေ

နိုင်ငံကူးလက်မှတ်ထုတ်ပေးနေတဲ့ ပတ်စ်ပို့ရုံးမှာ ပုံမှန်မဟုတ်ဘဲ ငွေကြေး မတန်တဆ ကောက်ခံမှုများရှိလာ

နိုင်ငံကူးလက်မှတ်ထုတ် ပေးရေးရုံးမှာ သတ်မှတ်ထားတဲ့ငွေကြေးအပြင် စစ်ကောင်စီဝန်ထမ်းတွေက လိုအပ်တာထက် ပိုပြီး မတရားသဖြင့် ငွေကြေးမတန်တဆ ကောက်ခံမှုများရှိနေတယ်လို့ သိရပါတယ်။ 

သာမန်မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားလာမှုအတွကဆိုရင်  စာအုပ်ဖိုးငွေမှာ ၄၅,၀၀၀ ကျပ်သတ်မှတ်ထားပေမယ့် တကယ့်တကယ် စာအုပ်သွားလုပ်တဲ့အခါမှာတော့ ယင်းငွေပမာဏထက် မတန်တဆပိုပြီး ထပ်ဆောင်းငွေကြေးကောက်ခံနေတာဖြစ်တယ်လို့ ကိုယ်တွေ့ကြုံနေရသူတွေဆီက သိရပါတယ်။

” QR Code တင်တုန်းကတော့ ၄၅၀၀၀ အပြီးအစီး။ စာအုပ်လုပ်ရမယ့်ရက်ရောက်တော့ ရုံးသွားတာ ပါသမျှပိုက်ဆံအကုန်တောင်းတယ်။ ဓာတ်ပုံရိုက်တယ့်နေရာမှာလည်းတောင်းတယ်။ လမ်းစရိတ်တောင်မနည်းချန်ထားရတယ်။ တစ်ခါတောင်း ၂၀၀၀၀ တောင်။ ပတ်စ်ပို့စာအုပ်ကို တစ်သိန်းနီးပါးပေးပြီး လုပ်ခဲ့ရတယ်” လို့ စာအုပ်ပြုလုပ်သူတစ်ဦးက ပတ်စ်စပို့ရုံးမှာ ကြုံခဲ့ရတဲ့ သူ့ကိုယ်တွေ့ ဖြစ်ရပ်ကို ပြောပါတယ်။

ပတ်စ်ပို့ပြုလုပ်ရာမှာလည်း ယခင်လိုရက်ချိန်းအကြာကြီးစောင့်စရာမလိုတော့ဘဲ တစ်ပတ်သာစောင့်ရတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံကူးလက်မှတ်တွေကို ပြန်ဖွင့်ပေးခဲ့ပေမယ့် အသက်ကန့်သတ်ချက်တွေ ရှိလာတဲ့အတွက် လာရောက် ပြုလုပ်တယ့်သူနည်းသွားတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *