September 13, 2025 - ပန်းပင်ကြီးလမ်းဒုတိယအကြိမ် သပိတ်ဖြိုခွင်းခံရမှု ၃ နှစ်ပြည့်၊ သို့မဟုတ် ကျွန်တော်ဖမ်းဆီးခံရမှု ၃ နှစ်ပြည့်September 12, 2025 - The Vicious Lie: How a ‘Democratic’ Election is Really a Threat to Free SpeechSeptember 1, 2025 - ဈေးကွက်အတွင်း ထိုင်းကုန်စည်များပြတ်လပ်၍ မြန်မာထုတ်ကုန်များဖြင့် အစားထိုးလာAugust 25, 2025 - ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှု အထိမ်းအမှတ်နေ့ဘင်္ဂလားဒေရှ်နိုင်ငံက ဒုက္ခသည်စခန်းတွင်ပြုလုပ်August 22, 2025 - တင်းကျပ်လာသည့် စစ်တပ်၏ ဖုန်းစစ်ဆေးမှုများနှင့် VPN ကို အဓိကထား စစ်ဆေးနေမှုများAugust 22, 2025 - အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ ပြည်တွင်းမှာ ပြတ်လပ်နေတာကြောင့် အခက်တွေ့နေရAugust 18, 2025 - သူခိုးတွေကလူပြန်ဟစ်၊မလုံခြုံမှုထဲနစ်နေရတဲ့ရန်ကုန်ပြည်သူတွေAugust 8, 2025 - BreakingNews: Military arrests young protesters commemorating 8888 in MandalayAugust 8, 2025 - People throughout Yangon hold 8888 umbrella strike protestsAugust 7, 2025 - ရန်ကုန်မြို့တွင် AAMIJ မှ စုံစမ်းရရှိထားတဲ့ လူကုန်ကူးအဖွဲ့များ

ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှု အထိမ်းအမှတ်နေ့ဘင်္ဂလားဒေရှ်နိုင်ငံက ဒုက္ခသည်စခန်းတွင်ပြုလုပ်

ဒီကနေ့ဟာ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုရဲ့ (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။

ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှု အထိမ်းအမှတ်နေ့အဖြစ် ဘင်္ဂလားဒေရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ဆန္ဒပြတောင်းဆိုတာတွေလုပ်ဆောင်ခဲ့ကြပါတယ်။

၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကြီးဟာကမ္ဘာတစ်ဝန်းရှိ ရိုဟင်ဂျာများနဲ့ ၎င်းတို့ကို ထောက်ခံသူများအတွက် ဝမ်းနည်းဖွယ်အမှတ်ရမှုများ ရှိနေဆဲဖြစ်ပါတယ်။

“တရားမျှတမှု နောက်ကျခြင်းသည် တရားမျှတမှုကို ငြင်းပယ်ခြင်းပင်” ဆိုတဲ့အတိုင်း၊ အခုတိုင် တရားမျှတမှု မရရှိသေးပေမယ့် ဒီဖြစ်ရပ်ကို ကျွန်ုပ်တို့ မည်သည့်အခါမျှ မေ့လျော့မှာ မဟုတ်။ ကမ္ဘာ့အသိုင်းအဝိုင်းအနေနဲ့ ရိုဟင်ဂျာများအတွက် တရားမျှတမှုနဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရရှိဖို့ ဆက်လက် တောင်းဆိုနေပါမယ်လို့ ဒုက္ခသည်စခန်းအတွင်းမှ ရိုဟင်ဂျာလူငယ်အမျိုးသားတစ်ဦးက AAMIJကို ပြောပါတယ်။

ဒီကနေ့ဟာ ဆုံးရှုံးသွားတဲ့ ရိုဟင်ဂျာတွေရဲ့ဘဝများ၊ ကွဲကွာသွားတဲ့ မိသားစုများနဲ့ ယနေ့တိုင် အသက်ဝင်နေဆဲဖြစ်တဲ့ နာကျင်မှုများကို အမှတ်ရနေဖို့ ဖြစ်သလို အကြမ်းဖက်မှုများနဲ့ ရက်စက်မှုများမှ အသက်ရှင်လွတ်မြောက်လာသူများရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကို အသိအမှတ်ပြုတဲ့ နေ့လည်း ဖြစ်တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက​ ပြောပါတယ်။

Photo by Rahmat Ullah

Leave a Reply

Your email address will not be published. Required fields are marked *