September 13, 2025 - ပန်းပင်ကြီးလမ်းဒုတိယအကြိမ် သပိတ်ဖြိုခွင်းခံရမှု ၃ နှစ်ပြည့်၊ သို့မဟုတ် ကျွန်တော်ဖမ်းဆီးခံရမှု ၃ နှစ်ပြည့်September 12, 2025 - The Vicious Lie: How a ‘Democratic’ Election is Really a Threat to Free SpeechSeptember 1, 2025 - ဈေးကွက်အတွင်း ထိုင်းကုန်စည်များပြတ်လပ်၍ မြန်မာထုတ်ကုန်များဖြင့် အစားထိုးလာAugust 25, 2025 - ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှု အထိမ်းအမှတ်နေ့ဘင်္ဂလားဒေရှ်နိုင်ငံက ဒုက္ခသည်စခန်းတွင်ပြုလုပ်August 22, 2025 - တင်းကျပ်လာသည့် စစ်တပ်၏ ဖုန်းစစ်ဆေးမှုများနှင့် VPN ကို အဓိကထား စစ်ဆေးနေမှုများAugust 22, 2025 - အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ ပြည်တွင်းမှာ ပြတ်လပ်နေတာကြောင့် အခက်တွေ့နေရAugust 18, 2025 - သူခိုးတွေကလူပြန်ဟစ်၊မလုံခြုံမှုထဲနစ်နေရတဲ့ရန်ကုန်ပြည်သူတွေAugust 8, 2025 - BreakingNews: Military arrests young protesters commemorating 8888 in MandalayAugust 8, 2025 - People throughout Yangon hold 8888 umbrella strike protestsAugust 7, 2025 - ရန်ကုန်မြို့တွင် AAMIJ မှ စုံစမ်းရရှိထားတဲ့ လူကုန်ကူးအဖွဲ့များ

အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ ပြည်တွင်းမှာ ပြတ်လပ်နေတာကြောင့် အခက်တွေ့နေရ

မြန်မာနိုင်ငံအတွင်း သွင်းကုန်လိုင်စင် အခက်အခဲတွေကြောင့် ကုန်သည်တွေအနေနဲ့ ဈေးကွက်ထဲကို အမျိုးသမီး လစဉ်သုံးပစ္စည်းတွေကို လုံလောက်စွာ မသွင်းနိုင်တဲ့အတွက် ပစ္စည်းပြတ်လပ်မှုတွေ‌ ဖြစ်ပေါ်နေပါတယ်။

စစ်တပ်အနေနဲ့ နိုင်ငံခြားငွေ လိုအပ်ချက်တွေရှိနေတာကြောင့် အရေးကြီးကုန်စည်တွေကလွဲရင် တခြားသော ပစ္စည်းတွေကို လိုင်စင်ချမပေးထားဘူးလို့ စုံစမ်းသိရှိရပါတယ်။

ဒါ့ကြောင့် ဈေးကွက်ထဲကို အမျိုးသမီးတွေ လစဉ်လတိုင်း အသုံးပြုနေရတဲ့ လစဉ်သုံးပစ္စည်းတွေကို တင်သွင်းနိုင်ခြင်းမရှိတဲ့အတွက် Quality မပြည့်မီတဲ့ Made in Burma ဆိုတဲ့ ပစ္စည်းကိုပဲ ဝယ်ယူသုံးစွဲနေကြရတယ်လို့ သိရပါတယ်။

အမျိုးသမီးအများစုဟာ လစဉ်သုံးပစ္စည်းကို ရွေးချယ်ရာမှာလည်း Quality ကောင်းမွန်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပြည်ပနိုင်ငံထုတ်တွေကို ရွေးချယ်ဝယ်ယူကြတာ များတယ်လို့ ဆိုပါတယ်။ 

” မိန်းကလေးတွေက ဂရုစိုက်မှ တော်ကာကြတယ်။ ဒီလိုပဲ လစဉ်သုံးပစ္စည်း‌ကို ရွေးချယ်တဲ့အခါမှာလည်း ကွာလတီဖြစ်တဲ့ဟာကိုပဲ ရွေးရတယ်။ ကွာလတီ မပြည့်မီတယ့်ဟာတွေသုံးရင် ရောဂါရတယ်။ ဒါပေမယ့်လည်း မတတ်နိုင်ဘူး။ ရွေးချယ်စရာမရှိဘူး။ သုံးနေကြပစ္စည်းတွေက ပြတ်နေတယ်။ အဲဒီတော့ ပြည်တွင်းဖြစ်ကိုပဲ သုံးနေရတယ်” လို့ ရန်ကုန်မြို့ရှိ အမျိုးသမီးတစ်ဦးက AAMIJ ကိုပြောပါတယ်။

ယခုအခါမှာတော့ သွင်းကုန်လိုင်စင် အပါအဝင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွေ ရပ်တန့်နေတာကြောင့် ကုန်ပစ္စည်းတွေက မဝင်သလောက် ဖြစ်နေပါတယ်။

ပြည်တွင်းမှာ သုံးနေတဲ့ အမျိုးသမီး လစဉ်သုံးပစ္စည်းအများစုဟာ ထိုင်းဘက်ကနေ တင်သွင်းတာ ဖြစ်ပါတယ်။

” လစဉ်သုံးပစ္စည်းမပြောနဲ့ တခြားပစ္စည်းတွေကိုတောင် တင်သွင်းလို့မရဘူး။ အကုန်ရပ်နေတာ။ အချိန်အကြာကြီး ရပ်တန့်နေမယ်ဆိုရင်တော့ ပြသနာရှိနေနိုင်တာပေါ့။ ပစ္စည်းပြတ်တာနဲ့ ဈေးကလည်း ပိုတတ်သွားနိုင်တယ်” လို့ သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဈေးကွက်ထဲ အမျိုးသမီးလစဉ်သုံးတွေ ပြတ်နေတာကြောင့် Made in Burma ဖြစ်တဲ့ ပျိုမေ တံဆိပ်ကိုပဲ ရွေးချယ်ဝယ်ယူသုံးစွဲနေကြရပါတယ်။

ဈေးကွက်ထဲမှာ ဖြစ်ပေါ်နေတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေရဲ့ ဈေးနှုန်းဟာ အနိမ့်ဆုံး ၃၀၀၀ ကနေ ၈၀၀၀ အထိရှိပါတယ်။

ဒီဈေးနှုန်းတွေဟာ အခြေခံလုပ်သားတွေအတွက် အဆင်မပြေမှုတွေ ရှိလာနိုင်ပြီး တစ်ရက်ဝင်ငွေ ၁၅၀၀၀ မှာ အမျိုးသမီးသုံး ပစ္စည်းဝယ်ပါက ဈေးဖိုးအတွက် ချင့်ချိန်နေရတယ်လို့ အထည်ချုပ်လုပ်သားတစ်ဦးက ပြောပါတယ်။

” အစစအရာရာ ဈေးကြီးတဲ့ထဲမှာ လစဉ်သုံးပစ္စည်းတွေလည်း ပါတာပေါ့။ အဆင်မပြေဘူးလေ။ မိန်းကလေး ဖြစ်ရတာ မလွယ်ဘူး။တစ်ခါတစ်လေ လစဉ်သုံးပစ္စည်းရဲ့ ဈေးတွေကြည့်ပြီး စိတ်တောင်ညစ်တယ်” လို့ ၎င်းက ဆိုပါတယ်။

ဒါတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ဆိုးဆိုးရွားရွားဖြစ်လာတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *