အနုပညာရှင် အောင်ကိုမိုးကို ယမန်နေ့ ဩဂုတ်လ ၅ရက်နေ့က ရုံးချိန်းမှာ ပုဒ်မ ၂၉၅-ကနဲ့ ဒက္ခိဏသီရိမြို့နယ်တရားရုံးမှ စွဲချက်တင်လိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အကယ်ဒီပေးပွဲမှာ ပွဲတက်ဖက်ရှင်တစ်ခုနဲ့ တက်ရောက်လာတဲ့ အနုပညာရှင်အောင်ကိုမိုးရဲ့ ဝတ်စားဆင်ယင်မှုဟာ ဗုဒ္ဓဘာသာကိုစော်ကားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မျိုးချစ်အဖွဲ့တွေက တရားလိုလုပ်ပြီး ဖေဖော်ဝါရီလ ၁၉ရက်နေ့က တရားစွဲဆိုခဲ့တာပါ။
အောင်ကိုမိုးရဲ့ ပွဲတက်ဖက်ရှင် ဝတ်စားဆင်ယင်မှုမှာ မျက်နှာဖုံးတစ်ခုကို ကိုင်ဆိုင်လာခဲ့တာဖြစ်ပြီး အဆိုပါ မျက်နှာဖုံးဟာ ဗုဒ္ဓဘုရားရဲ့ ဦးခေါင်းပုံဖြစ်နေခဲ့တယ်လို့ ဆိုကာ တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။
အောင်ကိုမိုးရဲ့အမှုကို နေပြည်တော် အမျိုးသားရေးအဖွဲ့မှ သံဃာတော်များ၊ လူပုဂ္ဂိုလ်များက သက်သေအဖြစ် ပါဝင်ခဲ့ပြီး ယခင်အပတ်က သက်သေများကို အပြီးသတ် စစ်ဆေးခဲ့တာဖြစ်ပါတယ်။
ယမန်နေ့က စွဲချက်တင်အမိန့် ချမှတ်ပြီးနောက်မှာ အောင်ကိုမိုးရဲ့ ရှေ့နေက တရားလို တစ်ဦးပြန်ခေါ်စစ်ဆေးခွင့် တင်ပြခဲ့တာကြောင့် လာမယ့် ဩဂုတ်လ ၁၉ရက်နေ့ ရုံးချိန်းမှာ တင်ပြထားတဲ့ တရားလို တစ်ဦးကို ထပ်မံစစ်ဆေးမှာဖြစ်ပါတယ်။
အောင်ကိုမိုးကို တရားသူကြီးက အပြစ်ရှိလား၊မရှိလားမေးရာမှာလည်း အောင်ကိုမိုးအနေနဲ့ အပြစ်မရှိကြောင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။
AAMIJမှလည်း အောင်ကိုမိုးကိုင်ဆောင်ထားတဲ့ မျက်နှာဖုံးမှ မျက်နှာပုံကို သေချာအသေးစိတ် ကြည့်ရှုရာမှာလဲ မျက်နာပုံမှာ နားတောင်းပါရှိနေခြင်း၊ဆံပင်ပုံစံကို ကြည့်ရှုရာမှာလည်း ဆံပင်ကိုစည်းပြီး နားတောင်းဘေးကို ချထားတဲ့ပုံစံကိုမြင်တွေ့ရပါတယ် ။အဆိုပါ မျက်နှာဖုံးဟာ အောင်ကိုမိုးပြောခဲ့တဲ့ ကုန်းဘောင်ခေတ်က လက်ရာလို့သာ ယူဆရပြီး လူတစ်ယောက်ရဲ့ပုံသာဖြစ်တယ်လို့ သုံးသတ်ရပါတယ်။
အခုဖြစ်စဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ လွတ်လပ်စွာဝတ်စားဆင်ယဉ်ခွင့်ကို ထင်ထင်ရှားရှား ချိုးဖောက်နေတာပဲ ဖြစ်ပါတယ်။
၁၉၈၈ခုနှစ် စစ်တပ်အာဏာသိမ်းပြီးတော့ iron cross တေးဂီတအဖွဲ့ဝင်တေကို ဆံပင်တိုညှပ်ခိုင်းတာ ညှုပ်လိုက်ရတယ်လေ ဒါကအခုမှဒီလိုထိန်းချုပ်တာမဟုတ်ဘူး
အဲဒီတုန်းက ကိုယ်ကလည်း စစ်တပ်အာဏာသိမ်းတော့ကျောင်းတွေပိတ်ထားတော့ အလုပ်မရှိလေနေတာ
အာဏာရှင်အောက်မှာအသက်ရှင်ရတာဆိုတာ အဆင်ပြေနေရင်တောင် အမြဲမဟုတ်ဘူး တကွေ့ကွေ့မှာတော့ စိတ်ညစ်ငိုကြွေးရမှာဘဲ😢😪😪