ဩဂုတ်လ ၄ရက်နေ့ညပိုင်းက ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ မြန်မာနိုင်ငံသား ၄၅ဦး အဖမ်းခံခဲ့ရတယ်လို့ ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Khaosodသတင်းဌာနက ဖေါ်ပြထားပါတယ်။
ထိုင်းအာဏာပိုင်များက တခ်ခရိုင်၊ ဖုတ်ဖရာမြို့နယ်၊ ဘန်ဟွေနမ့်နက်ကျေးရွာမှာ စီးနင်းရှာဖွေမှုအတွင်း မြန်မာနိုင်ငံသား အမျိုးသား ၂၃ဦး၊ အမျိုးသမီး ၂၂ဦးနဲ့ ကားမောင်းပို့ဆောင်သူ ၂ဦး အပါအဝင် ကား၄စီးကို ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
အဆိုပါ မြန်မာနိုင်င်ငံသား ၄၅ဦးတို့ကို ကား ၄စီးနဲ့ တက်ဆောင်လာတာ ဖြစ်ပြီး ကားမောင်းပို့သူ ၂ ဦးကတော့ ဖမ်းဆီးချိန်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ ကားမောင်းပို့သူ ၂ဦးကတော့ ခရီးစဉ်ရောက်ရှိပါက မြန်မာနိုင်ငံသားများထံကနေ တစ်ဦးကို ဘတ် ၅၀၀ ရရှိမှာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၄၅ဦးဟာ တရားဝင်စာရွက်စာတမ်း အထောက်အထားမရှိဘဲ ဝင်ရောက်လာတာဖြစ်တာကြောင့် ဖုတ်ဖရာမြို့နယ်ရဲစခန်းမှာ ဥပဒေနဲ့ အညီ အရေးယူသွားမယ်လို့ သိရပါတယ်။