အခြေခံပြည်သူလူထုကြားထဲမှာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Tik-Tok လူမှုကွန်ယက်သုံးစွဲမှုဟာ Facebook လူမှုကွန်ယက်သုံးစွဲမှုထက်
ရေပန်းစားလာတာဟာ ယခုနှစ်ပိုင်းအတွင်းမှာ သိသိသာသာ မြင်တွေ့ရမှာပါ။
ပြည်သူတွေအနေနဲ့ Tik-Tok ကို သုံးစွဲလာတာ မြင့်တက်လာတာနဲ့အမျှ စစ်တပ်ဖက်ကလဲ ထိန်းချုပ်မှုတွေကို ပိုမိုတိုးမြင့်လာပါတယ်။
စစ်တပ်က ဆိုက်ဘာဥပဒေကို အတိပြု ပြဌာန်းပြီးနောက် TIk-Tokကို အသုံးပြုရာမှာ VPN ခံပြီး သုံးမှ အဆင်ပြေတေ့ာတယ်လို့ Tik-Tok အသုံးပြုနေသူများထံမှ သိရပါတယ်။
ဒါ့အပြင် စစ်တပ်က Tik-Tok သုံးစွဲသူ အရပ်သားပြည်သူတွေကိုလည်း အကြမ်းဖက် ဖမ်းဆီးအကျဉ်းချတာတွေလဲ ရှိလာပါတယ်။
လူမှုကွန်ပေါ်မှာ စစ်တပ်ကို ဝေဖန်ရေးသားတဲ့ အရပ်သားပြည်သူတွေကို နေ့စဉ် ၂ယောက် ထက်မနည်း ဖမ်းဆီးနေကြောင်း စစ်တပ်ရဲ့ဝါဒဖြန့် သတင်းစာကနေ နေ့စဉ်ထုတ်ပြန်လာသလို
Tik-Tok အသုံးပြုပြီး စစ်တပ်ကို ဝေဖန်ပြောဆိုတဲ့ အခြေခံလူထုကိုလည်း နေစဥ် ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်လာပါတယ်။
Tik-Tok လူမှုကွန်ယက်ကို အာဏာမသိမ်းခင်က အရက္ခပြည်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး လူမျိူးရေးမှိုင်းတိုက်ဖို့အတွက် စစ်တပ်ဖက်က အသုံးချခဲ့ဖူးပါတယ်။
စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ အင်တာနက် အသုံးပြုမှုကို စစ်တပ်က ထိန်းချုပ်ရင်း လူအသုံးများတဲ့ Facebook လူမှုကွန်ယက်ကို စစ်တပ်က Ban လိုက်တာကြောင့် VPN ခံပြီး အသုံးပြုနေရတာ ဒီကနေ့အထိ ဖြစ်ပါတယ်။
အဲ့ဒီနောက် ပြည်သူတွေအနေနဲ့ စိတ်အပန်းလည်း ဖြေနိုင်သလို VPNလည်း အသုံးပြုစရာမလိုတဲ့ Tik-Tok လူမှုကွန်ယက်ကို ပိုမို အသုံးပြုလာခဲ့ပါတယ်။
အင်တာနက်လိုင်း ကောင်မွန်စွာ မရတဲ့နေရာများနဲ့ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဒေသတွေက လူနေမှုအခြေအနေ အခက်ခဲတွေကိုပါ Tik-Tokမှာပဲ မြင်တွေ့နိုင်တဲ့ အထိကို Tik-Tok အသုံးပြုမှုဟာ မြင့်တက်ခဲ့ပါတယ်။
စစ်တပ်ဖက်ကလဲ Tik-Tokကို အသုံးပြုပြီး ဝါဒဖြန့်ဖို့ ကြိုးစားရာမှာလည်း မအောင်မြင်ဘူး ပြောရလောက်အောင် ၄င်းတို့ဖက်က လွဲမှားနေတဲ့ အခြေနေတွေကိုသာ လူထုက မြင်တွေ့ခဲ့ရပါတယ်။
ယခုဆိုရင်တော့ စစ်တပ်က Tik-Tok လူမှုကွန်ယက်ကို စတင်ထိန်းချုပ်နေပြီ ဖြစ်ပါတယ်။
စစ်တပ်က အခုလို လူမှုကွန်ယက်တွေ ထိန်းချုပ်နေတာဟာ အခြေခံလူနေမှုအခက်ခဲတွေ၊ စစ်တပ်ထောက်ခံသူတွေနဲ့ စစ်တပ်ဝန်ထမ်းတွေရဲ့ လွဲမှားနေတဲ့ အခြေနေတွေထုတ်ဖော်နေတာတွေ နဲ့ စစ်တပ်ကို ဝေဖန်ရေးသားပြောဆိုသူတွေကို လျှော့ချနိုင်ဖို့လို့ ယူဆလို့ပါတယ်။
ပြည်သူလူထုအနေနဲ့ လက်ရှိTik-Tok အသုံးပြုမှုအခြေနေကို Comment တွင်မှတ်ချက်ပြုသွားနိုင်ပါသည်။