AAMIJ / ဇွန် ၄
စစ်ကောင်စီလက်ဝေခံတွေနဲ့ ပတ်သတ်ဆက်နွယ်သူတွေက လူငယ်တွေကို ဖမ်းဆီးပြီး စစ်တပ်ထဲ ရောင်းစားတာတွေကို လုပ်ဆောင်နေကြောင်း AAMIJမှ သက်သေအထောက်ထားအပြည့်စုံနဲ့ မကြာခဏ ဆိုသလို သတင်းများ တင်ဆက်ခဲ့ပါတယ်။
အဲ့ဒီလို လူကုန်ကူးတာတွေ ဘာကြောင့်ဖြစ်နေရလဲဆိုတာ AAMIJမှ အကြောင်းရာနှစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ပထမတစ်ချက်ကတော့ စစ်တပ်ဟာ တော်လှန်ရေးတပ်ဖွဲတွေနဲ့ တိုက်ပွဲများဖြစ်ပွါးနေပြီး စစ်ကောင်စီတပ်သား အများအပြား သေဆုံးနေတာကြောင့် စစ်သားလိုအပ်ချက်တွေရှိနေတာကို ပြန်လည်ဖြည့်တင်းဖို ဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ စစ်သားတွေဟာ တပ်ထဲကထွက်ချင်ပါက စစ်တပ်ထဲဝင်မဲ့သူ(၅)ယောက်ကို ရှာဖွေပေးပါက ထွက်ခွင့်ရတယ်ဆိုတဲ့အကြောင်း မဂ်လာဒုံ စစ်တပ်အတွင်းက တပ်ကြပ်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
“တပ်ထဲက လူက ၅ယောက် ပြည့်အောင် သွင်းပေးနိုင်ရင် စစ်တပ်ကနေ အငြိမ်းစားအနေဖြင့် နုတ်ထွက်ခွင့်ပေးတာတို ရာထူးတိုးပေးတာတိုရှိတယ်” လို ပြောပါတယ်။
လူငယ်တစ်ယောက်ကို စစ်တပ်ထဲ ရောင်းစားမယ်ဆိုပါက ကြားမှာ ပွဲစားဆိုသူရှိကြောင်းနဲ့ အဲ့ဒီပွဲစားဆိုသူတွေကတော့ စစ်တပ်နဲ့ ပတ်သတ်သူ
အဆက်အနွယ်ရှိသူတွေပဲ ဖြစ်တယ်လို စုံစမ်းသိရှိရပါတယ်။
စစ်မှုထမ်းဖိုအတွက် လူငယ်တစ်ဦးကို သိန်း(၃၀)အထိ စျေးရတယ်လို စစ်တပ်ထံ လူငယ်တစ်ဦးကို သွားရောက်ပိုဆောင်သူတစ်ဦးက လွန်ခဲ့တဲ့ ၂ လ ခန့်က AAMIJကို ပြောပြခဲ့ပါတယ်။
“စစ်တပ်အသိုင်းဝိုင်းထဲက အသိတစ်ယောက်ယောက်ရှိရင်တော့ လွယ်တာမှ တော်တော်လွယ်တာပေါ့၊ အခုပို အခု ငွေရတယ်” လို စစ်တပ်ထံသို လူငယ်တစ်ဦးကို သွားရောက်ပိုဆောင်ခဲ့သူတစ်ဦးက AAMIJကို ပြောပြပါတယ်။
စစ်တပ်ဖက်ကတော့ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ မရှိကြောင်း မကြာခဏ ငြင်းဆိုနေပေမဲ့ မြေပြင်မှာတော့ စစ်တပ်ရဲ့ အကြမ်းဖက်ပေါ်တာဆွဲမှုကြောင့် ဒေသခံတွေဟာ စိုးရိမ်ထိပ်လန့်စရာ ဖြစ်ရပ်ဆိုးကြီးနဲ့ ရပ်တည် ရှင်သန်နေရပါတယ်။
စစ်တပ်အတွက် လူရောင်းစားတာဟာ တစ်နည်းအားဖြင့် လူကုန်ကူးတာပဲ ဖြစ်ပါတယ်။
လူကုန်ကူးတာဟာ လူ့အခွင့်အရေးအထဲက အဓိကဖြစ်တဲ့ လွတ်လပ်ခွင့်၊ တရားမျှတမှု၊ ကိုယ်ရေးကိုယ်တာ ကာကွယ်ခွင့်တိုကို တိုက်ရိုက်ချိုးဖောက်နေတာ ဖြစ်ပါတယ်။