AAMIJ / မေ ၂၈
ရန်ကုန်မြို့မှာ အရပ်သားစစ်ထောက်လှမ်ရေးတွေ မွေးထုတ်ဖို့အတွက် စစ်တပ်က အငြိမ်စားစစ်ထောက်လှမ်ရေးဟောင်း ဗိုလ်ကြီးအဆင့်ရှိသူတွေကို စေခိုင်းထားကြောင်း AAMIJမှ စုံစမ်းသိရှိထားပါတယ်။
စစ်တပ်က အရပ်သားစစ်ထောက်လှမ်းရေးအတွက် သားကောင်ရှာဖွေပုံ
စစ်တပ်က အရပ်သားစစ်ထောက်လှမ်းရေးတွေ မွေးထုတ်ဖို့အတွက် အသက် ၁၈နှစ်မပြည့်တဲ့ လူငယ်တွေကို အရင်ဆုံးဖမ်းဆီး ပါတယ်။
စစ်တပ်က ဖမ်းဆီးပြီးတဲ့ လူငယ်တွေကို စစ်တပ်ထဲ ဝင်မလား၊ စစ်တပ်အတွက်အလုပ် လုပ်ပေးမလား ဆိုပြီး ရွေးချယ်ခိုင်းပါတယ်။
စစ်တပ်အတွက် အလုပ်လုပ်ပေးဖို့ မိသားစုနဲ့ခြိမ်းခြောက်တာ၊ အခကြေးငွေပေးတာတို့ကို စစ်တပ်က လုပ်ဆောင်ပါတယ်။
စစ်တပ်ရဲ့ အရပ်သားစစ်ထောက်လှမ်းရေး ပညာရပ်သင်ကြားမှု
စစ်တပ်အတွက် အလုပ်လုပ်ဖို့ လူငယ်တွေဟာရွေးချယ်လိုက်ပါက ၄၅ရက်ကြာ အရပ်သားစစ်ထောက်လှမ်းရေး ပညာရပ်တွေကို သင်ကြားရပါတယ်။
အရပ်သားစစ်ထောက်လှမ်းရေး ပညာရပ်ကို သင်ကြားရာမှာလည်း အပိုင်း(၃)ပိုင်းခွဲပြီး သင်ကြားရပါတယ်။
ပထမအပိုင်းအနေနဲ့ လူထုကြားထဲ ဘယ်လိုရောနှောနေထိုင်မလဲဆိုတာကို အရင်ဆုံး သင်ကြားရပါတယ်။
အဲ့ဒိနောက် သတင်းအချက်အလက်ရယူတာ နဲ့ သတင်းအချက်အလက် ပေးပို့တာတို့ကို သင်းကြားရပါတယ်။
နောက်ဆုံးအချက်ကတော့ အမိန့်နာခံခြင်းကို အရေးကြီးဆုံးအချက်အဖြစ်သင်ကြားရပါတယ်။
အဲ့ဒိလို အရပ်သားစစ်ထောက်လှမ်းရေး ပညာရပ်ကို သင်ကြားပေးပြီးနောက် စစ်တပ်အတွက် အလုပ်လုပ်ဖို့ အပိုင်း၂ပိုင်းကို ထပ်မံရွေးချယ်ခိုင်း ပါတယ်။
အဲ့ဒိရွေးချယ်ခိုင်းတဲ့ အပိုင်းတွေကတော့ တော်လှန်ရေးတပ်တွေထံ ဝင်ရောက်ပြီး သတင်းရယူပေးပို့ဖို့နဲ့ မြို့ပြတွေမှာနေထိုင်ပြီး လူငယ်တွေကြားရောနှောကာ တော်လှန်ရေးလူငယ်တွေနဲ့ နီစပ်တဲ့အထိနေထိုင်ကာ သတင်းအချက်အလက်ပေးဖို့ပဲ ဖြစ်ပါတယ်။
တော်လှန်ရေးအဖွဲ့တွေထံကို စေလွှတ်ခံရမယ့် အရပ်သားစစ်ထောက်လှမ်းရေး ပုံစံ
အရပ်သားစစ်ထောက်လှမ်းရေး စတင်လုပ်ဆောင်ဖို့အတွက် လူငယ်တွေဟာ အထပ်ပါအတိုင်း တော်လှန်ရေးလက်နက်ကိုင်ထဲ သွားဖို့ရွေးချယ်လိုက်ပြီဆိုပါက သက်ဆိုင်ရာသင်တန်းကို ဆက်လက်သင်ကြားပေးပါတယ်။
အဲ့ဒိလိုသင်ကြားရာမှာ တော်လှန်ရေးအဖွဲ့တွေထဲမှာလိုအပ်နိုင်မယ်ထင်တဲ့ (ဥပမာအားဖြင့် နည်ပညာပိုင်ဆိုင်ရာ၊ ဆေးဝါးပိုင်းဆိုင်ရာ၊ လမ်းတံတားအင်ဂျင်နီယာပိုင်းဆိုင်ရာ) ပညာရပ်တစ်ခုခုကို သေချာသင်ကြားပေးတာမျိုးတွေအထိ လုပ်ဆောင်ပြီးမှ တော်လှန်ရေးအဖွဲ့တွေထံ စေလွှတ်တာဖြစ်ပါတယ်။
သတင်းပေးပို့ရာမှာလည်း ကိုယ်တိုင်သတင်းပေးပို့ရတာမျိုးမဟုတ်ဘဲ မိသားစုကနေ တဆင့်
သတင်းအချက်အလက်ကို ပေးပို့ခိုင်း ပါတယ်။
မြင်သာအောင်ပြောရရင် မိသားစုထံ အကျိုးအကြောင်း ပြောနေတဲ့ပုံစံမျိုးနဲ့ သတင်းအချက်အလက်ကို ပေးပို့ပြီး မိသားစုတွေနေတဆင့် စစ်ထောက်လှမ်းရေးအရာရှိတွေထံ ပြန်ပေးပို့ရတာပါ။
သတင်းအချက်အလက် ပေးပို့ရာမှာလည်း တပ်ဖွဲ့အင်အားနဲ့ တည်နေရာကိုသာ အဓိကပေးပို့ခိုင်းပါတယ်။
မြို့ပြတွေမှာ စစ်တပ်အတွက် အလုပ်လုပ်ဖို့ ရွေးချယ်ခြင်း
မြို့ပြတွေမှာ စစ်တပ်အတွက် အလုပ်လုပ်ဖို့ရွေးချယ်ပါက မြို့ပြမှာ ခေတ်စားနေတဲ့ ကိုရီးယားဘာသာစကား သင်တန်း၊ ဂျပန်စာသင်တန်း အစရှိတဲ့လူငယ်တွေကြား ရေပန်းစားတဲ့ အရာတွေထဲကို ငွေကြေးအကုန်ကျခံကာ စေလွှတ်ပါတယ်။
လူထုနဲ့ ရောနှောနိုင်ခဲ့ပြီဆိုပါက တော်လှန်ရေးအဖွဲ့တွေရဲ့ လှုပ်ရှားပုံတွေကို စုံစမ်းသတင်းရယူရပြီး သတင်းအချက်အလက် ပေးပို့ရပါတယ်။
သတင်းအချက်အလက်ပေးပို့ရာမှာလည်း တယ်လီဂရမ်နဲ့ Viberကို အသုံးပြုပြီး သတင်းလက်ခံသူဟာ တစ်ခေါက်ကိုတစ်ခါ နာမည်ပြောင်းလေ့ရှိကြောင်း သိရပါတယ်။
အရပ်သားစစ်ထောက်လှမ်းရေးတွေကို အခကြေးငွေပေးခြင်းနဲ့ ထောက်ပံ့ခြင်း
ပုံသွင်းထားတဲ့ အရပ်းစစ်ထောက်လှမ်းရေးတွေကို တစ်လကို အနိမ့်ဆုံးလစာ တစ်သိန်းခွဲကစပေးပြီး ပေးပို့တဲ့ သတင်းအချက်အလက်အပေါ်မူတည်ကာ သတင်းပေးအတွက် မုန့်ဖိုးပေးတယ်ဆိုပြီး အခကြေးငွေ ထပ်ပေးပါတယ်။
လူထုထဲရောနှောဖို့နဲ့ တော်လှန်ရေးအဖွဲ့တွေထံသွားရောက်ဖို့အတွက် လိုအပ်တဲ့ ကုန်ကျစရိတ်တွေကိုလည်း ထောက်ပံ့ပေးပါတယ်။
အခကြေးငွေ ထောက်ပံ့ရာမှာလည်း ငွေလွှဲတာကို အဆင်ဆင့်ခံပြီးမှ ထောက်ပံငွေ လွှဲကြောင်း သိရပါတယ်။
လူငယ်များကို ဝါဒမှိုင်းသွင်းထားပုံ
အဆိုပါ အရပ်းသားစစ်ထောက်လှမ်းရေးအဖြစ် ပုံသွင်းခံရတဲ့ လူငယ်တွေကို ဝါဒမှိုင်းသွင်းထားပုံကတော့ “မင်းအောင်လှိုင်အတွက် အလုပ်လုပ်ပေးနေရတာမဟုတ်ဘူး၊ တိုင်းပြည်ကောင်းဖို့လုပ်နေတာ၊ မင်းအောင်လှိုင်ကိုလည်း မကြိုက်ဘူး” ဆိုတဲ့ စကားလုံးတွေနဲ့ ဝါဒမှိုင်း သွင်းထားတာ ဖြစ်ပါတယ်။
တော်လှန်ရေးအဖွဲ့တွေရဲ့ နစ်နာမှု
တော်လှန်းရေးအဖွဲ့ထံ ဆက်သွယ်ပြီးရောက်ရှိသွားတဲ့ အရပ်သားစစ်ထောက်လှမ်းရေးလူငယ်တစ်ဦးဟာ ၄င်းစထွက်ရာနေရာမှစပြီး တပ်ဖွဲ့ထံရောက်တဲ့အထိကို သတင်းပေးပို့ ရပါတယ်။
သတင်းပေးပိုရာမှာလည်း စထွက်ရာ နေရာကနေ ရောက်တဲ့နေရာအထိ လမ်းမှာခဏ နားခိုရာနေတွေကိုပါ Google Mapမှာ Pinထောက်ပြီး ပေးပိုခဲ့တာတွေရှိတာကြောင့် လမ်းတလျှောက်က တော်လှန်းရေးအဖွဲဝင်တွေကို နေရာရွှေ့ပြောင်းတာတွေ လုပ်ဆောင်ခဲ့ရပြီး ရှုပ်ထွေးမှုတွေရှိခဲ့ကြောင်း တော်လှန်ရေးအဖွဲ တစ်ခုမှ AAMIJကို ပြောပြပါတယ်။
မြိုပြမှာလည်း အရပ်သားစစ်ထောက်လှမ်းရေးရဲ့ သတင်းပေးပိုမှုကြောင့် ၂ခါလောက် မြိုပြတော်လှန်ရေးသမားတွေ အဖမ်းဆီးခံရတာရှိခဲ့ကြောင်း အဆိုပါအရပ်းသားစစ်ထောက်လှမ်းရေး လူငယ်ကို စစ်ဆေးမှုကနေသိရှိခဲ့ရတယ်လို တော်လှန်ရေးအဖွဲတစ်ခုက ဆက်ပြောပါတယ်။
အထပ်ပါ အချက်အလက်တွေဟာ တော်လှန်ရေးအဖွဲတစ်ခုမှ ဖမ်းဆီးရမိထားတဲ့ အရပ်သားစစ်ထောက်လှမ်းရေးများ စစ်ဆေးရာမှ သိရှိရတဲ့အချက်အလက်များနဲ့ AAMIJမှ သီခြားစုံစမ်းထားတဲ့ သတင်းအချက်အလက်များ ပဲဖြစ်ပါတယ်။
အချို အချက်အလက်တွေဟာ သတင်းဖော်ပြဖို မသင့်လျော်တာကြောင့် ချန်လှပ်ထားခဲ့ရတဲ့ အကြောင်းအရာတွေလည်း ရှိနေပါသေးတယ်။