အာဏာသိမ်စစ်တပ်ကို နိုင်ငံတော်အာဏာလွှဲအပ်ထားမှုကို ပယ်ဖျက်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဖွဲစည်း
မင်းအောင်လှိင်က ဥက္ကဌအဖြစ် တာဝန် နဲ့ ညိူစောက ဝန်ကြီးချုပ်တာဝန်ယူ
AAMIJ / ဇူလိုင် ၃၁
မင်းအောင်လှိင်အနေနဲ့ ဒီကနေ့မှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူခဲ့ပြီး စစ်တပ်ကို နိုင်ငံတော်အာဏာလွှအပ်ထားတာကို ပယ်ဖျက်ခဲ့ပြီး နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ဖွဲစည်းလိုက်တယ်လို ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ ကော်မရှင်အဖွဲမှာ မင်းအောင်လှိင်က ဥက္ကဌအဖြစ်တာဝန်ယူခဲ့ပြီး ယာယီသမ္မတအဖြစ်ပါ ပူတွဲယူထားတာကို တွေ့ရပါတယ်။
ဒုတိယဥက္ကဌအဖြစ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ အတွင်းရေးမှူးအဖြစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးတိုအပါအဝင် ကော်မရှင်မှာ အဖွဲဝင် ၁၀ ဦးက တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်ကြီးညိုစောကို တာဝန်က အငြိမ်းစားပေးပြီး ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့ကာ ပြည်ထောင်စုအစိုးရအဖွဲသစ်ကို ဖွဲစည်းလိုက်ပါတယ်။