ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းက လမ်းသွားလမ်းလာလူငယ်တွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ကောင်စီလက်အောက်ခံရဲတွေက စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောကြ ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ညဖက်အပြင်ထွက်တဲ့လူငယ်တွေရဲ့လက်ကိုင်ဖုန်းတွေကို စစ်ဆေးပြီး သူ တို့မသက်ာဘူးဆိုရင် ပိုက်ဆံတောင်းသလို မပေးနိုင်ရင်စစ်မှုထမ်းထဲ ပို့လိုက်တယ်လို့ ရန်ကုန်မြို့ခံတွေ က ပြောပါတယ်။
“ဖုန်းတွေကို ယူစစ်တာ။ တစ်ခုခုမသင်္ကာစရာတွေ့ရင် ပိုက်ဆံတောင်းတယ်။ မပေးနိုင်တဲ့သူဆို သွားပြီ။ သာကေတက နိုင်ငံရေးဖြစ်ပြီးနောက်ပိုင်း တော်တော်ဆိုးလာတယ်။ ခဏခဏ လူငယ်တွေဖမ်းခံရတယ်” လို့ သာကေတမြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲတွေဟာ ညဖက်လူပြတ်တဲ့နေရာတွေမှာ အိမ်စီးကားနဲ့အသင့်စောင့်နေပြီး လမ်းပေါ်သွား လာတဲ့လူငယ်တွေကို ခေါ်ယူစစ်ဆေးတာတွေလုပ်တယ်လို့ ဆိုပါတယ်။
အများအားဖြင့် သာကေတ Capital အနီး၊ စက်မှုဇုန်၊ မြင်တော်သာလမ်းမနဲ့ ဧရာဝဏ်လမ်းမတွေမှာ စစ် ကောင်စီရဲတွေက အိမ်စီးကားနဲ့လူငယ်တွေကို စောင့်ဖမ်းနေတာဖြစ်ပါတယ်။
ဒါကြောင့် အသွားအလာသတိထားဖို သတိပေးမှုတွေရှိနေပြီး ညဘက်မှာလည်း အတတ်နိုင်ဆုံး အပြင်ကို မထွက်ကြဖို့ အချင်းချင်းသတိပေးမှုတွေရှိနေတယ်လို့ သိရပါတယ်။
