တအာင်းတပ်-TNLA တစ်နှစ်နီးပါး ထိန်းချုပ်ခဲ့ပြီး စစ်တပ်က တရုတ်အကူညီဖြင့် ပြန်လည်ထိန်ချုပ်နိုင်ခဲ့ပြီးနောက် ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်တပ်က အတင်းအဓမ္မစစ်မှုထမ်းခိုင်းနေသလို ပေါ်တာဆွဲတာတွေလဲလုပ်ဆောင်နေပါတယ်။
နောင်ချိုမြို့နယ်ထဲက ကျေးရွာတွေကနေ တစ်
အိမ်(၂)ယောက်အဓမ္မစစ်မှုထမ်းရမည်ဟု စစ်တပ်ကဒေသခံအရပ်သားတွေကို ခြိမ်းခြောက်ခိုင်းစေနေပါတယ်။
လက်ရှိမှာတော့စစ်တပ်ရဲ့ အတင်းအဓမ္မစစ်မှုထမ်းကောက်ခံနေမှုတွေကြောင့် ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
